-
Published: 25 February 2013
Q: EVER UP HR Institute တွင် ABE UK Graduate Diploma (Level 6) ကိုမည်သူတို့တက်ရောက် သင်ယူကြပါသလဲ?
A: ဘွဲ့တစ်ခုရရှိထားပြီးသူများ (သို့မဟုတ်) လုပ်သက် ၅ နှစ်ရှိသူများ၊ ABE UK Higher Diploma Level 5 အောင်မြင်ထားသူများ၊ ပြည်တွင်း ပြည်ပနိုင်ငံတစ်ကာကုမ္မဏီကြီးများနှင့် NGO တို့မှမန်နေဂျာများ၊ အရာရှိများ၊ လူငယ်/လူလတ် ကိုယ်ပိုင်စွန့်ဦးတီထွင်လုပ်ငန်းလုပ်ကိုင်လိုသူများ တက်ရောက်သင်ယူကြပါသည်။Q: Group Diploma နှင့် Single Subject Diploma ဘာကွာခြားပါသလဲ ?
A: Group Diploma ဆိုသည်မှာ Diploma Title တစ်ခုအောက်တွင် သတ်မှတ်ထားသောဘာသာရပ်များကို သင်ယူဖြေဆို အောင်မြင်မှသာလျှင် ပေးအပ်ချီးမြှင့်ခြင်းခံရသော Credit စံနှုန်းပြည့်ဖြစ်ပြီး Single Subject Diploma ဆိုသည်မှာ Group Diploma တစ်ခုအတွင်းရှိဘာသာရပ်များထဲမှ ဘာသာရပ်အခွဲတစ်ခုကိုသာ သင်ယူဖြေဆိုရသော The British qualification အရကြည့်လျှင် Certificate Course တစ်ခုမျှသာဖြစ်ပြီး IGCSE Pre A Level မျှနှင့်ညီသော Course တစ်ခုမျှသာဖြစ်သည်။Q: ABE UK Professional Graduate Diploma (Level 6) ပြီးလျှင်ဘာတွေဆက်လုပ်နိုင်ပါသလဲ?
A: ABE UK Professional Graduate Diploma (Level 6) ကိုင်ဆောင်ထားသူများအတွက် အခြေခံအားဖြင့် ရွေးချယ်စရာလမ်းများမှာ - • ပြည်တွင်း ပြည်ပ နိုင်ငံတကာ ကုမ္မဏီကြီးများ၊ အဖွဲ့အစည်းကြီးများတွင် ရာထူးမြင့်မြင့် လစာကောင်း ကောင်း ဖြင့် အလုပ်ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း။ • ကိုယ်ပိုင်လုပ်ငန်းများကို မဟာဗျူဟာကျကျဖြင့် စနစ်တကျစီမံခန့်ခွဲနိုင်ခြင်း။ • UK MBA (Management), MBA (HRM), MBA (Marketing), MSc HRM … အစရှိသော မဟာဘွဲ့များကို တိုက်ရိုက်တက်ရောက်ခွင့်ရရှိခြင်း။ • ပထမဘွဲ့ (First Degree) မရရှိသေးသူများသည် UK BA, BSc ဘွဲ့တို့၏ နောက်ဆုံးနှစ်တွင် တိုက်ရိုက် ဝင်ရောက်သင်ယူခွင့် အစရှိသည့် အကျိုးကျေးဇူးများရရှိနိုင်ပါသည်။Q: ABE UK မှတိုက်ရိုက်စစ်ဆေးသောစာမေးပွဲကိုအကြောင်းအမျိုးမျိုးကြောင့် မဖြေဖြစ်သူများအတွက် ဘယ်လို အခွင့်အရေးမျိုး ရရှိနိုင်ပါသလဲ?
A: ကျောင်းတက်ချိန် ၇၅ ပြည့်မှီတယ်ဆိုရင် EVER UP ရဲ့ Certificate ကိုရရှိမှာ ဖြစ်ပါတယ်။ ဒီ Certificate ဟာလည်း မြန်မာပြည်အတွင်း အလုပ်အကိုင် အခွင့်အလမ်းအတွက် အရည်အချင်းပြည့်မှီသူတစ်ယောက် ဖြစ်ကြောင်း အာမခံချက်ပေးနိုင်တဲ့ လက်မှတ်ဖြစ်ပါတယ်။Q: မည်သို့သော ဆရာ၊ဆရာမများ EVER UP တွင်သင်ကြားပေးနေပါသလဲ?
A: သင်ကြားမှုအတွေ့အကြုံများစွာရှိသော Australia, U.S.A, U.K, Japan, India နိုင်ငံများ၏မဟာဘွဲ့ (M.A, M.Sc., M.B.A) နှင့် ပါရဂူဘွဲ့ (Ph.D) ရရှိခဲ့သည့် ဆရာ၊ဆရာမများမှ တာဝန်ယူသင်ကြားပေးပါသည်။
Who's Online
We have 51 guests and no members online
EVER UP College
